အာဖရိကမှ ဘုရားသားတော် တစ်ပါး – ကိုရင် အိုမန်းဒီ ဖားနစ် ( ရှင်သီလရက္ခိတ )

အာဖရိကတိုက်မှာ ဗုဒ္ဓသာသနာ‌တော်‌ကြီး ဖွံဖြိုးစည်‌ပင်‌လာဖို့အ‌ရေးအတွက်‌ ယူဂန္ဓာနိုင်‌ငံသားရဟန်း တောဘ‌န္တေဗုဒ္ဓရက္ခိ်‌တနဲ့ မြန်‌မာနိုင်‌ငံသာရဟန်းတော်‌ Reverend Adicca တို့က  ကြိုးစား‌နေကြတာဖြစ်ပါတယ်. အာဖရိက က‌လေးငယ်‌‌လေး‌တွေကို အင်္ဂလိပ်‌စာနဲ့တကွ ဗုဒ္ဓရဲ့တရား‌တော်‌‌တွေသင်‌ကြား‌ပေး‌နေတယ်‌လို့ သိရပါတယ်….

အိုမန်းဒီ ဖားနစ် ဆိုသူ ကလေးငယ်ကတော့  သူ့အပေါင်းအသင်း ကိုရင်ဝတ်တော့ သူလည်း အားကျသွားပြီး ဆရာတော် Reverend Adicca ဆီမှာ သူ့ကို သင်္ကန်းဝတ်ပေးဖို့ တောင်းဆိုလာခဲ့ပါတယ်….

ဒါကြောင့် ဝတ်ပေးမယ်လို့ ပြောလိုက်တဲ့ နေ့ကတည်းက မနက်မိုးလင်းတာနဲ့ ကျောင်းရောက်နေပြီး  ခုအချိန်မှာတော့  အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်နဲ့ သာမဏေ ဖြစ်သွားပါပြီ.ကိုရင့်မယ်တော်နှင့် အဘွားက ကိုရင်ဝတ်တာကို တစ်ကြိမ်တစ်ခါမှ မကြုံဖူးတော့ တော်တော်စိတ်လှုပ်ရှားနေကြပုံရပါတယ်. သူတို့ကို ခင်ဗျားတို့ အတော်ကံကောင်းတယ်၊ ဒိလိုမျိုး လူတိုင်းမဖြစ်နိုင်ဘူးလို့ ပြောပြတော့ အတော်ကျေနပ်နေကြပါတယ်လို့ ဆရာတော်ဆီကနေ သိရပါတယ်….

ကိုရင်ရဲ့ မိသားစုကို ကိုရင်ကို အရိုအသေးပေးဖို့ နဲ့  အိမ်ကြွလာရင် ကောင်းမွန်တဲ့နေရာထိုင်းခင်းပေးဖို့ သင်ပေး ထားပြီး “ဘုရားကား အောက်၊ မြောက်ကား အထက်” ဖြစ်မှာစိုးတာနဲ့ ကိုရင်တွေကို ရတနာသုံးပါးသာ အရိုအသေပေးစရာ ရှိတယ်လို့ အထူးမှာကြားထားခဲ့ပါတယ်. ဘာကြောငလည်းဆိုတော့ သူတို့ယဉ်ကျေးမှုမှာ ကလေးတွေက ဒူးထောက် အရိုအသေပေးတဲ့ အလေ့အကျင့်ရှိနေလို့ပါ. ဘုရားသားတော် ဖြစ်တဲ့ ကိုရင်လေးဟာ ဘယ်လောက်ပဲ ငယ်သေးတယ်ဆိုအုံးတော့ မွန်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်သလို ပူဇော်ခံဖို့ထိုက်တန်နေပြီ မဟုတ်ပါလား….

နေရာထိုင်းခင်းနှင့် အစားအသောက်ကို လုံလောက်အောင် မပေးနိုင်သေးတဲ့အတွက် ဝတ်ချင်သူတိုင်းကိုတော့ ဝတ်ပေးနိုင်တဲ့ အနေအထားမရှိသေးပါဘူးလို့ ဆရာတော်ရဲ့ မိန့်ကြားချက်အရ သိရပါတယ်….

ဆရာတော် Reverend Adiccaအားခရစ်ဒက်ပေးပါတယ်ဘုရား

Comments are closed, but trackbacks and pingbacks are open.