လတ်တလော social media မှာ Iron Man ဝတ်စုံ ဖန်တီးပုံဖော်နိုင်ခဲ့တဲ့ (၁၀) တန်း ကျောင်းသားလေး ရဲ့ ဂုဏ်သတင်းဟာ ပျံ့လွင့်နေပါတယ်. နည်းပညာထွန်းကားတဲ့ ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံအတွင်းက လူငယ်လေးတစ်ယောက်ရဲ့ ပြောင်မြောက်လှတဲ့ တီထွင်မှုဟာ မြန်မာနိုင်ငံသားတွေအတွက်လည်း မျှော်လင့်ချက်တစ်ခု ဖြစ်စေပါတယ်. ဒါကြောင့် ဒီကလေးကို ဝိုင်းဝန်းပျိုးထောင်ပေးကြဖို့ စိတ်အားထက်သန်နေသူတွေလည်း များစွာရှိနေတာကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရပြန်ပါတယ်….

တောင်ဒဂုံမြို့နယ် (၅၆) ရက်ကွပ်မှာ နေထိုင်ပြီး အ.ထ.က (၅)တောင်ဒဂုံ မှာ ဒဿမတန်း တက်ရောက်နေတဲ့ အသက် (၁၆) နှစ်အရွယ် လူငယ်လေး မောင်သော်ဇင်ထွန်း ဟာ Iron Man ဝတ်စုံကို အောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်…..
ဒီ Iron Man ဝတ်စုံကို ဖန်တီးဖြစ်တာကတော့ ငယ်စဉ်ကတည်းက Iron Man ရုပ်ရှင်ကားထဲက Tony Stark ဇာတ်ကောင်ကို အရမ်းအားကျခဲ့တာကြောင့် ငယ်စဉ်ထဲက Iron Man ဝတ်စုံ ဖန်တီးဖို့ idea ရခဲ့တယ်လို့သိရပါတယ်. ဒီလို ရုပ်ရှင်ထဲက Iron Man ဝတ်စုံနဲ့ အနီးစပ်ဆုံးတူညီအောင် အချိန်တွေအများကြီးပေးခဲ့ရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်…..
ဝတ်စုံကို ဖန်တီးတဲ့အခါမှာ ပထမဆုံးစမ်းသပ်တာလည်းဖြစ်သလို ကော်တွေသုံးဖို့ကျတော့ ဈေးနည်းနည်းကြီးတာကြောင့် သိပ်မတတ်နိုင်တာရယ်ကြောင့် ဝယ်ယူရလွယ်ကူပြီး ဈေးသက်သာတဲ့ ကတ်ထူကိုပဲ သုံးဖြစ်ခဲ့တယ်လို့သိရပါတယ်….
ဒီဝတ်စုံမှာထည့်သွင်းထားတဲ့ Electronic function လေးမျိုးကတော့….
(၁) မျက်နှာဖုံးဖွင့်လိုက်တဲ့အခါ မီးကပိတ်သွားပြီးတော့ မျက်နှာဖုံးပိတ်သွားတဲ့အခါ မီးလင်းတယ်
(၂) ကျောပြင်မှ အတောင်များ အဝင်အထွက်လုပ်နိုင်တယ်. အတောင်ပံရဲ့လှုပ်ရှားမှုမှာ မီးအဖွင့်အပိတ်ရှိတယ်
(၃) လက်တဖက်မှာ Rocket နဲ့
(၄) နောက်တစ်ဖက်မှာ Shield စတဲ့ function တွေထည့်သွင်းထားပါတယ်
အစပိုင်းမှာတော့ မိသားစုရဲ့ထောက်ပံ့မှုမရခဲ့ပေမယ့် သူဟာ တီထွင်ဖန်တီးနေတယ်ဆိုတာကို နားလည်လာပြီး လမ်းမှန်ကြောင်းသိလာတဲ့အခါမှာတော့ မိသားစုကလည်း တတ်အားသမျှ ထောက်ပံ့ခဲ့ပါတယ်. သူ့ကို “Burmese Ironman” လို့ အချို့ကတင်စားကြပါတယ်. သူ့ရဲ့ facebook account နာမည်ကတော့ Hero ဖြစ်ပြီးတော့ TikTok account ကတော့ Lupal ဖြစ်ပါတယ်….
သူ့ရဲ့ social media account တွေမှာ KBZ Pay account တင်ရှိထားတာဖြစ်လို့ သူ့အတွက် ပညာပါရမီဖြည့်ပေးချင်သူတွေအနေနဲ့လည်း တိုက်ရိုက်ကူညီနိုင်ပါတယ်. အသက်ငယ်ငယ်နဲ့ တော်လွန်းတဲ့ ဒီကလေးဟာ မြန်မာကို ကမ္ဘာကသိအောင် စွမ်းဆောင်နိုင်တဲ့ လူငယ်တစ်ဦးဖြစ်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် ကလေးရေ…..
#video Credit Lupal
Comments are closed, but trackbacks and pingbacks are open.