Online Shop တွေဟာ ဆိုင်ကိုကိုယ်တိုင်မသွားချင်တဲ့အခါမှာ ရွေးချယ်စရာတစ်ခုဖြစ်သလို ဒီနေ့ခေတ်မှာ ခေတ်စားလွန်းတဲ့ ဈေးရောင်းနည်းတစ်ခုလည်းဖြစ်ပါတယ်. များသောအားဖြင့်တော့ Online ကနေဈေးဝယ်ခြင်းဟာ ရွေးချယ်စရာစုံလင်သလို အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုဘဲ အချိန်ကုန်လူပန်းသက်သာစွာ ဝယ်ယူနိုင်ခွင့်ရရှိစေပါတယ်. ဒါပေမယ့် အချို့သော Online Shop တွေကတော့ ပြထားတဲ့ပုံနဲ့မတူဘဲ ပစ္စည်းရဲ့ အရည်းအသွေးဟာ စုတ်ပြတ်သတ်လွန်းတာကြောင့် ဝယ်ယူသူတွေကို အကြီးအကျယ်နောင်တရစေခဲ့ပါတယ်…..
ဆိုးဝါးတဲ့ Online Shop တွေက အားပေးတဲ့ဝယ်ယူသူတွေကို ဘယ်လို အားမနာတမ်း ဂျင်းထည့်သွားခဲ့သလဲဆိုတာကိုကြည့်လိုက်ရအောင်နော်…

ကြောင်ဝတ်ရုံ
Halloween ပွဲ နီးလာချိန်မှာ လူတိုင်းက ပြီးပြည့်စုံတဲ့ ဝတ်ရုံတွေရဖို့အမြဲတမ်းရှာဖွေတတ်ကြပါတယ်. ဒါကြောင့်စောစောစီးစီးအွန်လိုင်းကနေ မှာယူတာကကောင်းတဲ့အကြံတစ်ခုပါပဲ. ဒါပေမယ့် ကံမကောင်းစွာနဲ့ ဒီမိန်းကလေးဟာ ပျော့ပျောင်းပြီး စမတ်ကျတဲ့ အမွှေးဖွားကြောင်ဝတ်ရုံ အမိုက်စားလေးကိုမှာယူခဲ့ပေမယ့် ပို့လာတဲ့ ဝတ်ရုံကတော့ မိုးမိနေတဲ့ ကြောင်တစ်ကောင်နဲ့ တူနေခဲ့ပါတယ်. Online Shop ကသူ့ကို ဂျင်းအကြီးစားထည့်လိုက်တာ ခံခဲ့ရတာကြောင့် အတော့်ကိုနောင်တရမှာပါပဲ…..

Men’s Tank
ပူအိုက်တဲ့ရာသီတွေမှာ အထူးသဖြင့် အားကစားခန်းမသွားချိန်တွေမှာ အမျိုးသားအများစုဟာ Men’s Tank အင်္ကျီတွေကိုဝတ်ဆင်တတ်ကြပါတယ်. ဒါကြောင့် အမျိုးသားတစ်ယောက်ဟာ သူ့အတွက် ခဲရောင် Men’s Tank လေးတစ်ထည်ဝယ်ခဲ့ပါတယ်. ရောက်လာချိန်မှာတော့ အင်္ကျီဟာရှည်လျားလွန်းတာကြောင့် Men’s Tank နဲ့မတူဘဲ အမျိုးသမီးဝတ် bodycon dresses နဲ့ တူနေတာပဲဖြစ်ပါတယ်…..

Yeezy Sneaker
Kanye West မှ Yeezy Sneaker များဟာ ကမ္ဘာပေါ်မှာ Sneaker ဖိနပ်စီးခြင်းကို သယ်ဆောင်လာခဲ့ပါတယ်. Stock ရှိသမျှအားလုံးကို မိနစ်ပိုင်းအတွင်းရောင်းချနိုင်ခဲ့တဲ့အပြင် ဝယ်လိုအားက အလွန်မြင့်မားနေတာကြောင့် လူအများစုက တစ်ဆင့်ပြန်လည်ရောင်းချဖို့ အရံများစွာဝယ်ခဲ့ကြပါတယ်. ဒါပေမယ့် မှာထားတဲ့ ဖိနပ်တွေရောက်လာခဲ့ချိန်မှာတော့ အိမ်ထဲမှာစီးတဲ့ slippers ဖိနပ်လို ပုံစံတွေရောက်လာခဲ့တာကြောင့် အတော့်ကို နောင်တရခဲ့ကြရတာဖြစ်ပါတယ်. အတော်ဆိုးတဲ့ Online Shop ပါလားနော်….

Apple Watch
Apple Watch ဆိုတာလူတိုင်းက မက်မောရတဲ့ အသုံးအဆောင်ပစ္စည်းလေးတစ်ခုပါ. လူအတော်များများက သူတို့ပြေးတဲ့အကွာအဝေးကိုခြေရာခံဖို့ သုံးချင်ကြပါတယ်. Apple Watch တွေကအရမ်းဈေးကြီးပါတယ်. ဒါကြောင့်သင်ဟာ i Watch” ကိုဈေးသက်သာစွာနဲ့ရောင်းလိုက်တာတွေ့ရင် တကယ်တော့ Apple Watch အစားရောက်လာမယ့် ကလေးလက်ပတ်နာရီတစ်လုံးကိုသာ မျှော်လင့်သင့်ပါတယ်……

ဆိုးဝါးတဲ့ခရစ်စမတ်သစ်ပင်
ခရစ်စမတ်သစ်ပင်တစ်ပင်ရယူခြင်းသည်အားလပ်ရက်ရာသီ၏စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်. ယနေ့ခေတ်မှာ သစ်ပင်သယ်ယူပို့ဆောင်ခြင်းအတွက် အခက်အခဲများကိုသက်သာစေဖို့ ခရစ်စမတ်သစ်ပင် ကို Online Shop ကနေမှာယူနိုင်ပါတယ်. ဒီခရစ်စမတ်သစ်ပင် ကိုမှာယူခဲ့တဲ့ အမျိုးသားကတော့ သစ်ပင်ရောက်လာချိန်မှာ သူ့ရဲ့စိတ်လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပါတယ်. ဘာကြောင့်လဲဆိုတော့ စိတ်ပျက်ဖို့ ကောင်းလွန်းလို့ပါ. ကြည့်ကြပါအုံး ခရစ်စမတ်သစ်ပင်တဲ့ကွယ်…..
Day To Day ရဲ့ ပရိသတ်တို့ရော ဒီလို အားမနာတမ်း ဂျင်းထည့်ခဲ့တဲ့ Online Shop ကနေဝယ်မိပြီး အကြီးအကျယ်နောင်တရဖူးလားဖြေခဲ့ပေးအုံးနော်… မင်မင်ကိုယ်တိုင်လည်း ခံရပေါင်းများခဲ့ပါပြီ. လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ Online Shop တို့ရေ….