မျက်လုံးပြူးပြူးလေးတွေနဲ့ ခေါင်းပေါ်မှာ Mohawk လိုမျိုး လေးတွေရှိပြီး ထူးခြားတဲ့ ပုံသဏ္ဌာန်ရှိတဲ့ Handfish လေးတွေ ဟာပင်လယ်ကြမ်းပြင်ပေါ်မှာ လိပ်သွားသလို သွားလာနေထိုင်တဲ့အကောင်လေးတွေဖြစ်ပါတယ်. အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသမဂ္ဂ (IUCN) ရဲ့ အဆိုအရ Smooth Handfish လေးတွေကို မျိုးသုဉ်းသွားပြီလို့ကြေငြာခဲ့ပါတယ်….
လွန်ခဲ့သောအနှစ် ၂၀၀ လောက်က Smooth Handfish လေးတွေဟာ သြစတြေးလျမှာ အလွန်များပြားခဲ့ပြီး သူတို့လေးတွေဟာTasmania ရဲ့ ပူနွေးတဲ့ ကမ်းရိုးတန်းမှာ နေထိုင်ကြပါတယ်. ၁၈၀၂ ခုနှစ်မှာ ပြင်သစ်သဘာဝပညာရှင် François Peron ဟာ Tasmania ရဲ့ အရှေ့တောင်ပိုင်းမှာ ကျော့ကွင်းနှင့်အတူ ထူးဆန်းနေတဲ့သတ္တဝါလေးဖြစ်တဲ့ Handfish လေးကို ပထမဆုံးနမူနာအဖြစ်ဖမ်းယူခဲ့တယ်လို့ IUCN မှထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်…..

Smooth Handfishလေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရောင်တောက်တောက် အစက်အပြောက် ရှိပြီး ပုံမှန်အားဖြင့် ၆ လက်မထက်ပိုပြီး မကြီးထွားကြပါဘူး. Handfish လေးတွေဟာ ပုံမှန်အားဖြင့် ဝေးလံတဲ့ဒေသများသို့ ပျံ့နှံ့ကာ ဖြတ်သန်းသွားလာခြင်းမရှိပါဘူး. သူတို့ဟာ တည်ငြိမ်တဲ့ပတ်ဝန်းကျင်မှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်တဲ့ ငါးလေးတွေပဲဖြစ်ပါတယ်…..
သိပ္ပံပညာရှင်များက သြစတြေးလျကမ်းရိုးတန်းတစ်လျှောက် ရေအောက်လေ့လာမှုများကျယ်ပြန့်စွာပြုလုပ်ထားပေမယ့်လည်း Smooth Handfish လေးတွေကို နှစ်ပေါင်း ၂၀၀ ကျော်မတွေ့မြင်ရသေးဘူး လို့ သိရပါတယ်. François Peron ဟာ Smooth Handfish လေးတွေ အကြောင်း မှတ်တမ်းတင်ထားတဲ့ တစ်ဦးတည်းသော သိပ္ပံပညာရှင်ဖြစ်တယ်လို့ ဇီဝဗေဒထိန်းသိမ်းရေးဂျာနယ်မှ ၂၀၁၇ လေ့လာမှုအရသိရပါတယ်…..

Smooth Handfish မျိုးစိတ်များ ဘယ်အချိန်မှာ ဘယ်လိုမျိုးသုဉ်းပျောက်ကွယ်သွားသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့်လည်း Tasmania အနီးမှာရှိတဲ့ စက်မှုလုပ်ငန်းအမျိုးမျိုးမှ သတ္တုစီးဆင်းမှု နဲ့ လေထုညစ်ညမ်းမှုဟာ ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ မြစ်ဝများရှိရေအရည်အသွေးကို သိသိသာသာကျဆင်းစေသလို ၁၉ ရာစုနှင့် ၂၀ ရာစုအလယ်ပိုင်း အဓိကကျသောအစိတ်အပိုင်းများကိုပျက်စီးစေတဲ့ ဒေသတွင်း ငါးဖမ်းခြင်း ကမာနဲ့ ငါးမွေးမြူရေးလုပ်ငန်းများနဲ့ သက်ဆိုင်တယ်လို့လည်း သိရပါတယ်…..
နှစ်ပေါင်း ၂၀၀ ကျော်မတွေ့မြင်ရတော့တဲ့ smooth handfish လေးတွေဟာ တကယ်ပဲ မျိုးသုဉ်းပျောက်ကွယ်သွားပြီလား…. နောင်တစ်ချိန်မှာ သုတေသနတွေက ပြန်လည်ရှာဖွေတွေ့ရှိလာအုံးမလား…. ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ဆိုင်းရတော့မှာပဲ ဖြစ်ပါတယ်….
Credit : Source From Internet