US သဲကန္တာရမှာ တွေ့ရှိခဲ့သောလျှို့ဝှက်ဆန်းကြယ်တဲ့ Monolith ကြီးက ဂြိုလ်သားတွေသယ်ဆောင်လာတာလား

ဝေးလံခေါင်သီတဲ့ အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း သဲကန္တာရမှာ စိုက်ဝင်လျက် တွေ့ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လေးထောင့်သတ္တု Monolith ကြီးရဲ့ သတင်းဟာ ကမ္ဘာတဝှမ်းရှိ  UFO spotters များ ၊ ပညာရှင်များ နှင့် Stanley Kubrick ပရိတ်သတ်များရဲ့ စိတ်ကူးများကိုလွှမ်းမိုးသွားခဲ့ပါတယ်…..

Utah ဌာနပြည်သူ့လုံခြုံမှုဆိုင်ရာရဟတ်ယာဉ်ဟာ Utah ဌာနခွဲရှိ တောရိုင်းတိရစ္ဆာန် သယံဇာတအရင်းအမြစ်များ mission အတွက် ဝေးလံခေါင်ဖျားတဲ့ Utah တောနယ်မှာ bighorn သိုးများကိုရေတွက်ဖို့ ဗုဒ္ဓဟူးနေ့က ကူညီနေခဲ့ပါတယ်. အနီရောင်သဲကန္တာရရဲ့ အလယ်မှာ စိုက်ဝင်နေတဲ့ အရာဝတ္ထုကြီးကို သူတို့သတိပြုမိရာကနေ လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ သတ္တု Monolith ကြီးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်…..

Utah ပြည်သူ့လုံခြုံရေးဌာနမှအဖွဲ့၀င်များဟာ မြေကြီးမှာစိုက်ဝင်နေတဲ့ သတ္တုတစ်မျိုးတည်းသော monolith ကြီးကို တွေ့ရှိခဲ့ကြပေလည်း ဒီနေရာကို မည်သူမည်ဝါ ယူဆောင်လာတယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်ခဲ့ကြပါဘူး. လေယာဉ်မှူး Bret Hutchings ပြောကြားခဲ့တာကတော့ အရာရှိတဦး က အဲဒိသတ္တုတုံးကြီးကို ဝေးလံခေါင်ဖျားတဲ့နေရာဖြစ်တဲ့ အနီရောင်ကျောက်ဆောင်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်…..

ရှာဖွေတွေ့ရှိမှုသတင်းဟာ အွန်လိုင်းပေါ်တွင်လျင်မြန်စွာပျံ့နှံ့သွားပြီး လေ့လာသူအချို့ကထိုအရာဝတ္ထုဟာ နယူးမက္ကစီကိုအနီးအနားတွင်နေထိုင်ပြီး ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားသော အမေရိကန်အနုပညာရှင်ဂျွန်မက်ခရက်ခ်ျ၏ avant-garde အလုပ်နဲ့ ဆင်တူကြောင်းထောက်ပြခဲ့ပါတယ်. David Zwirner ရဲ့ ပြောရေးဆိုခွင့်ရှိသူက၎င်းသည် McCracken ၏လက်ရာများမဟုတ်ကြောင်း ပြောဆိုခဲ့ပြန်ပါတယ်……

“မည်သည့်ကမ္ဘာဂြိုဟ်ပဲဖြစ်ပါစေ ဖက်ဒရယ်အစိုးရရဲ့ အများပြည်သူပိုင်မြေများပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ သို့မဟုတ် အနုပညာများကိုတပ်ဆင်ပြသခြင်းဟာ တရားမဝင်ပါဘူး” လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်…..

လေးထောင့်ငွေသတ္တု monolith ကြီးဟာ ၁၀ ပေမှ ၁၂ ပေအကြားရှိပါတယ်. monolith ကိုမည်သူတပ်ဆင်ထားတယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးကြောင်း နဲ့ ၎င်းအရာဝတ္ထုရဲ့ တည်နေရာအတိအကျကို လုံခြုံစိတ်ချရမှ ထုတ်ဖော်ပြောကြားသွားမယ်လို့ Utah ပြည်သူ့လုံခြုံရေးဌာနမှအဖွဲ့က ပြောကြားခဲ့ပါတယ်. မြေယာစီမံခန့်ခွဲမှုဗျူရိုက ထပ်မံစုံစမ်းစစ်ဆေးမှုတွေ ပြုသင့်မသင့်ကိုလည်း ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့တာလည်းဖြစ်ပါတယ်.…..

ဒီလိုထူးခြားဆန်းကြယ်တဲ့ သတ္တု Monolith ကြီးဟာ လူသားတွေရဲ့ ဖန်တီးထားရှိမှုကြီးလား….ဒါမှမဟုတ် အခြားဂြိုလ်က ဂြိုလ်သားတွေထားရှိတာလား… ဆိုတာကတော့ စိတ်ဝင်စားဖွယ်လေ့လာကြရအုံးမှာပဲ ဖြစ်ပါတယ်……

Credit : Source From Internet